学习中文,连接世界
LEARN CHINESE, CONNECT THE WORLD
- ပြည်ပက နိုင်ငံတကာတက္ကသိုလ်မှာ ပညာတော်သင်ဖို့၊
- ပြည်တွင်းက လုပ်ငန်းခွင်မှာ လစာတိုး၊ရာထူးတိုးဖို့
- တရုတ်စကားပြောကို စနစ်တကျနဲ့ အချိန်တိုတွင်းတိုးတက်လာဖို့
- HSK တရုတ်စာအရည်အချင်းစစ်စာမေးပွအတွက် အကောင်းဆုံးရမှတ်ရယူနိုင်စေဖို့
OUR PROGRAMS
နှစ်သက်ရာသင်ကြားမှုပုံစံကိုရွေးချယ်နိုင်ပြီ
STUDENTS REVIEWS
COC ကိုဘာကြောင့်ရွေးချယ်ခဲ့ကြတာလဲ
For those people who are looking for a Chinese online class and worried that online classes won't be effective for you, I would like to recommend Chinese o'clock online classes. I recently finished their online basic premium Chinese class and HSK 3 online class. Both classes were really nice. The part I like about the basic class is that they gave homework for the pinyin pronunciation and have a teacher just to check the homework and see if your pronunciations are right or wrong. And in the HSK 3 online class, they would give a chance to everyone in the class to communicate with the teacher and ask and answer questions during the class. That's a really great way to improve your Chinese skills, and now I'm looking forward to joining the HSK 4A online class this October.
Chinese Language သင်တန်းကျောင်းကိုတက်ဖို့ လိုက်ရှာတာ နှစ်လနီးပါးကြာနေပါပြီ။ အဲ့ဒါနဲ့ဟိုရှာဒီရှာ လိုင်းပေါ်မှာသိတာရော၊ အစ်ကိုတစ်ယောက်က အကြံပေးတာရော တက်ဖြစ်တာပါ။ စစတုန်းက တရုတ်စာဆိုဘာမှမသိပါဘူး။ ခုမှ “CHINESE O'CLOCK” သင်တန်းကျောင်းမှာ Basic ကနေစပြီး Li Laoshi ရဲ့စနစ်တကျသင်ကြားပေးမှုကနေ ခုတရုတ်စာကိုရေးတတ်၊ဖတ်တတ်သွားပါပြီဗျ။ Li Laoshi ကိုလည်း ရှဲရှဲပါဗျာ။
တရုတ်စာစသင်ဖို့သင်တန်းတွေရှာကြည့်တာcocကိုတွေ့တာနဲ့အဆင်ပြေမယ်ဆိုပြီးတက်ကြည့်တာbasicတန်းမှာတင်laoshiရဲ့စာအသင်အပြတွေနားမလည်ရင်တစ်ခါတည်းမေးလို့ရပြီးစိတ်ရှည်ရှည်နဲ့ရှင်းပြတာတွေနဲ့တော်တော်အဆင်ပြေပြီးသဘောကျခဲ့တယ်HSK1ကိုလည်းcocမှာပဲဆက်တက်ဖြစ်ခဲ့တယ်စာလုပ်ပျင်းတဲ့သူမို့စာစစ်ပေးတဲ့သူရှိမှအဆင်ပြေတဲ့သူအတွက်အရမ်းအဆင်ပြေတယ်အိမ်စာတွေစစ်ပေးတဲ့laoshiရှိတယ်စာဆိုတာလည်းသေချာနားထောင်ပေးကြတယ်နောက်levelတွေလည်းcocမှာပဲဆက်တက်ဖြစ်မှာပါအရမ်းသဘောကျရတဲ့သင်တန်းလေးပါ💖💖💖💖💖
Chinese O'Clockမှာ ဖတ်စာအုပ်ထဲက စာကြီးဘဲသင်တဲ့ပုံစံမဟုတ်ဘဲ တခြားဗဟုသုတတွေရယ် စကားလုံးအသုံးအနှုန်းတွေကို ဘယ်လိုသုံးရမယ်ဆိုတာကအစ စာသင်ပေးတဲ့ပုံစံကို အရမ်းသဘောကျပါတယ်။ 老师 ကတယောက်ချင်းစီရဲ့အသံထွက်တွေကိုလည်း သေချာနားထောင်ပေးပြီး အသံထွက်မှားရင်လည်း သေချာရှင်းပြပေးပါတယ်။ unit တခုပြီးတိုင်း အိမ်စာတွေလည်း ရှယ်ရေးရပါတယ်။ အိမ်စာတွေကို စစ်ပေးတဲ့ assistant teacher က မှားရင်မှားတာတွေကိုလည်း သေချာရှင်းပြပေးပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့သင်တန်းက ကိုယ်ထင်ထားတာထက် အရမ်းကိုစာအသင်အပြင်ကောင်းလို့ သဘောကျမိလို့ နောက် level ကိုလည်း COC မှာဘဲ ထပ်တက်မှာမို့လို့ Highly Recommend ပါ။
စာသင်တာ အရမ်းကောင်းပါတယ် တစ်ယောက်ချင်းလဲ စာတွေဖတ်ပြခိုင်းပြီး မှားတဲ့စာလုံးတွေရှိရင် သေချာလေးထောက်ပြပါတယ်။ 老师 စာသင်တာ အရမ်းမှတ်မိလွယ်ပါတယ်။ စာသင်ချိန်ပြီးလို့ ကိုယ့်ဘာသာလေ့လာတဲ့ချိန်ရောက်ရင်တောင် သိပ်ကြည့်စရာမလိုပဲ ခေါင်းထဲမှာစွဲကျန်ခဲ့ပါတယ်။ တရုတ်စာသင်မဲ့သူငယ်ချင်းတွေကို Chinese O'Clock ကိုပဲ ညွှန်းဖြစ်ပါတယ်။ ကိုယ်တိုင်လဲ Chinese O'Clock မှာပဲဆက်တက်နေပါတယ်။
COC မှာ HSK 1,2 တက်ပီး ဆက်တက်ဖို့ပြင်နေတာပါ။ Laoshi တွေက အသင်အပြတော်တော်ကောင်းပါတယ်ရှင့်။ ကိုယ်နဲ့လည်းတော်တော်အဆင်ပြေလို့ ဒီမှာပဲတောက်လျောက် တက်နေတာပါ။ Chinese class တက်ဖို့ရှာနေရင် Chinese O'Clockကို highly recommend ပေးပါတယ်ရှင့်။
Chinese o'Clock မှာ သင်တန်းတက်ရတာ အရမ်းအဆင်ပြေပါတယ်။ 老师 တွေကလဲ အသင်အပြကောင်းတယ် နားမလည်တာရှိရင် စိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်။ အိမ်စာလဲပုံမှန်ထပ်ရတဲ့အတွက် စာကိုပုံမှန်လုပ်ဖြစ်တယ်။ online class ဆိုပေမဲ့ အပြင်မှာသင်ရသလိုပါပဲ တစ်ယောက်ချင်းလဲ စာဖတ်ခိုင်းတဲ့အတွက် အတန်းချိန်အတွင်းမှာလဲ စာသင်တာကို သေချာလိုက်နားထောင်ဖြစ်ပါတယ်။
Basic နဲ့ HSK 1 တက်ပြီးလို့ တရုတ်စာတော်တော်များများ ရေးတတ်ဖတ်တတ်နေပါပြီ။ အခု HSK 2 ဆက်တက်ဖို့ လုပ်နေပါတယ်။
သင်တန်းက 老师 အားလုံးကိုလဲ ကျေးဇူးတင်ပါတယ် 谢谢
Highly Recommend ပါ
online class တက်ပေမဲ့ အသံထွက်တွေကို တစ်ယောက်ချင်းဆိုခိုင်းပြီး သေချာစစ်ပေးပါတယ်။ unit တစ်ခုပြီးတိုင်း အိမ်စာကလည်း ပုံမှန်လုပ်ရပြီး အိမ်စာထပ်တဲ့အခါမှာလည်း သေချာစစ်ပေးပြီး feedback ပြန်ပေးပါတယ်။ အိမ်စာက deadline အမှီတော့ထပ်ရပါတယ်။ မဟုတ်ရင်တော့ application က auto နာမည်တပ်ပြီး မထပ်မချင်းသတိပေးနေမှာပါ။ basic ပဲ ပြီးသေးရင်တောင် ထမင်းစားရေသောက်တော့ ကောင်းကောင်း ပြောတတ်ပါတယ်။ သင်ပေးတဲ့ Laoshi ကလည်း တကယ်ကိုတော်ပါတယ်။ သေချာဂရုတစိုက် သင်ကြားပေးတာမို့ တရုတ်စာ အခုမှစသင်မဲ့သူတွေအတွက် ဒီသင်တန်းက တကယ်ကိုအဆင်ပြေနိုင်ပါတယ်။ online က တက်မယ်ဆိုရင်လည်း သေချာမရမှာ စိတ်ပူစရာမလိုပါဘူးနော်။ သေချာသင်ကြားပေးတဲ့ Laoshi ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။
Highly recommend ပါ Chinese O'Clock basic ကို စသင်ခဲ့တာပါရှင့်။
Laoshi ကလည်း စာအသင်အပြကောင်းတာမို့ စာသင်ရတာ အရမ်းအဆင်ပြေပါတယ်။ အသံထွက်ကအစ သေချာထွက်ပြပြီး မရှင်းတာရှိရင်လည်း Laoshi က ချက်ချင်းပြန်ရှင်းပြပါတယ်။ တခါတလေဆို စာသင်ရင်း ဗဟုသုတရစရာလေးတွေပါ ထည့်ပြောတာမို့ သင်ရတာ တကယ်ကို comfortable ဖြစ်ပါတယ်ရှင့်။
အချစ်ရေးမာရွေးချယ်မှု့တော့မှားခဲ့ပေမယ့်😁
သင်တန်းရွေးချယ်မှု့တော့မမှားခဲ့တာသေချာတယ်✊
Chinese O'Clock
HSK-3ကတည်းကစတက်ခဲ့တာ
老师 Sheng Shengရဲ့ စိတ်ရှည်ပီး မသိတာ နားမလည်တာမှန်သမျှအသေးစိတ်ပြောပြပေးတယိ
တရုတ်စာနဲ့ပက်သက်ပီးအကြံတွေလည်းပေးတယိ
အခုHSK-4ဆက်joinခဲ့တယ်
Lin Yin 老师နဲ့သင်ခွင့်ရလို့ဝမ်းသာတယ် Grammarကို ထိထိရောက်ရောက်နဲ့ 生词တွေကိုဘယ်လိုသုံးနှုန်းဖို့ပါ သေချာရှင်းပြပေးတယ်
ကျောင်းရဲ့အားသာချက်က 演讲လုပ်ပေးတာပဲ ✊
High recommend ပါ
Thank you Chinese O'Clock
Nî hǎo
ညီမကတော့ Chinese O'Clock မှာ တရုတ်စာသင်နေတဲ့သူပဲဖြစ်ပါတယ်။ သင်တန်းအရွေးမှားမှာ ကြောက်ခဲ့ပေမယ့်လဲအရွေးမှန်ကန်ခဲ့ပါတယ်။ စာသင်ရာမှာလဲမငြီးငွေ့ရအောင်အပြုံးချိုချိုလေးများဖြင့် ဟာသလေးနှောပီးသင်ကြားပေးမှုကြောင့် စာသင်ရာတွင်ပျော်ရွှင်ခဲ့ရပါသည်။ အသံထွက်မှန်ကန်အောင်လဲသင်တန်း သူသင်တန်းသားတယောက်ချင်းစီတိုင်းကိုစိတ်ရှည်စွာသင်ကြားပေးသောဆရာဆရာမများရှိသောကျောင်းဖြစ်သောကြောင့် တရုတ်စာသင်ကြားလိုသည့် ကျောင်းသားကျောင်းသူများအနေဖြင့် Chinese O'Clock သင်တန်းမှာ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နဲ့ လာရောက်သင်ကြားဖို့အကြံပြုလိုပါတယ်ရှင့်။
အခုလက်ရှိ in center class မှာတက်ရောက်နေတဲ့ကျောင်းသူတစ်ယောက်ပါရှင့်။ သင်တန်းကဆရာ/ဆရာမတွေက စိတ်အရမ်းရှည်ပြီး တစ်ယောက်ချင်းစီကို သေချာနားလည်အောင်ရှင်းပြပေးပါတယ်ရှင့်။
ကိုယ့်လိုစာလုပ်ရမှာပျင်းတဲ့သူအတွက်တော့တောင် အတော်အဆင်ပြေပါတယ်ရှင်။ တစ်တန်းမှာ အများဆုံးမှ ၁၀ ယောက်ပဲလက်ခံတာမို့ သေချာလိုက်လုပ်ဖြစ်ပါတယ်။ တရုတ်စာလေ့လာချင်တဲ့သူတွေအတွက် Chinese O'Clock ကို highly recommend ပေးပါတယ်ရှင့်။
English ဘာသာစကားဟာအရေးပါသလို တရုတ်ဘာသာစကားဟာလဲ တကယ်ကို အရေးပါတဲ့ ဘာသာစကားတခု ဖြစ်ပါတယ်နော်.. မဖြစ်မနေ တတ်ထားရမဲ့ ဘာသာစကားတစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အခု စာတွေကို စနစ်တကျနဲ့ သေချာသင်ကြားပေးပီး online class ကော physical class ပါသင်ကြားလို့ရနိုင်မဲ့ Chinese O'Clock မှာသင်တန်း တက်ရောက်နေတဲ့ သင်တန်းသားတယောက်ဖြစ်ပါတယ်။ တရုတ်ဘာသာစကားကို ကျွမ်းကျင်စွာပြောတတ် ရေးတတ်ဖတ်တတ်ချင်တယ်ဆို ရင်တော့ Chinese O'Clock ကို ရွေးချယ်လိုက်ပါလို့ပြောချင်ပါတယ်ဗျ..